နိုင်ငံခြား ဝင်ရောက်စွက်ဖက်မှုကို တွန်းလှန်ခြင်း အဖွင့်စာမျက်နှာ

ဤဝဘ်ဆိုဒ်သည် နိုင်ငံခြား ဝင်ရောက်စွက်ဖက်မှုဆိုသည်မှာ ဘာဖြစ်သည်၊ သင် သို့မဟုတ် သင့်လူမှုအသိုက်အဝန်းအပေါ် မည်သို့သက်ရောက်မှုရှိနိုင်သည်နှင့် အသိရှိပြီးလုံခြုံအောင်နေနိုင်ရန် သင်လုပ်နိုင်သည့် ရိုးရိုးအဆင့်ဆင့်အချက်များကို သင်နားလည်ရန် အထောက်အကူပြုပါသည်။

ဤဝဘ်ဆိုဒ်သည် နိုင်ငံခြား ဝင်ရောက်စွက်ဖက်မှုဆိုသည်မှာ ဘာဖြစ်သည်၊ သင် သို့မဟုတ် သင့်လူမှုအသိုက်အဝန်းအပေါ် မည်သို့သက်ရောက်မှုရှိနိုင်သည်နှင့် အသိရှိပြီးလုံခြုံအောင်နေနိုင်ရန် သင်လုပ်နိုင်သည့် ရိုးရိုးအဆင့်ဆင့်အချက်များကို သင်နားလည်ရန် အထောက်အကူပြုပါသည်။

အခြားနိုင်ငံများ၏ အစိုးရများက မိမိတို့၏အကျိုးစီးပွားများကို ရှေ့တန်းတင်ရန် ဩစတြေးလျနိုင်ငံအပေါ် ထိခိုက်နစ်နာစေရန် ကြိုးစားကြသောအခါ နိုင်ငံခြား ဝင်ရောက်စွက်ဖက်မှု ဖြစ်ပွားသည်။ ၎င်းတွင် သြစတြေးလျနိုင်ငံ၏ ဆုံးဖြတ်ချက် ချမှတ်ရာတွင်သော်လည်းကောင်း သို့မဟုတ် သြစတြေးလျနိုင်ငံ လူများကို ခြိမ်းခြောက်ရာတွင်သော်လည်းကောင်း လျှို့ဝှက်စွာ ဝင်ရောက်စွက်ဖက်နိုင်သည်။

နိုင်ငံခြား ဝင်ရောက်စွက်ဖက်မှုသည် ဩစတြေးလျနိုင်ငံတွင် ဖြစ်ပွားနေလျက်ရှိပြီး ကျွန်ုပ်တို့အားလုံးအပေါ် သက်ရောက်မှု ရှိနိုင်သည်။

ပြည်ပအစိုးရများသည် လူများနှင့်အသိုင်းအဝိုင်းအုပ်စုများကို ထိခိုက်နစ်နာစေရန်၊ စောင့်ကြည့်ရန်၊ ကြောက်ရွံ့စေရန်နှင့်ခြိမ်းခြောက်ရန် ကြိုးစားနိုင်သည်။

ဤကိစ္စကို လက်မခံနိုင်ပါ။ ဩစတြေးလျနိုင်ငံရှိ လူတိုင်းသည် လုံခြုံကြောင်း ခံစားရရန် အခွင့်အရေးရှိသည်။

ဩစတြေးလျအစိုးရက သင့်အား ပံ့ပိုးပေးရသည်။

ဤဝဘ်ဆိုဒ်သည် နိုင်ငံခြား ဝင်ရောက်စွက်ဖက်မှုကို စိုးရိမ်ပူပန်သော၊ မြင်တွေ့ခဲ့ရသော သို့မဟုတ် ကြုံတွေ့နေရသော လူပုဂ္ဂိုလ်များနှင့် လူမှုအသိုင်းအဝိုင်းဝင်များအတွက် ဖြစ်သည်။

လုပ်ငန်း၊ အစိုးရ၊ အဆင့်မြင့်ပညာရေးနှင့် သုတေသနနှင့် မီဒီယာများအတွက် အရင်းအမြစ်များကို Countering foreign interference(Opens in a new tab/window) တွင်ရှာပါ

နိုင်ငံခြား ဝင်ရောက်စွက်ဖက်မှုဆိုသည်မှာ အဘယ်နည်း

နိုင်ငံခြား အစိုးရများက သြစတြေးလျနိုင်ငံရှိ လူများနှင့်အဖွဲ့အစည်းများအား ခြိမ်းခြောက်ပုံ၊ အနှောက်အယှက်ပြုပုံ သို့မဟုတ် နုတ်ဆိတ်နေရန်အားထုတ်ပုံတို့ကို လေ့လာပါ။

နိုင်ငံခြား ဝင်ရောက်စွက်ဖက်မှုကို မည်သို့သတင်းပို့ရမည်

သင်သည် သင့်ဘာသာစကားဖြင့် နိုင်ငံခြား ဝင်ရောက်စွက်ဖက်မှုကို စကားပြန်တစ်ဦး၏ အကူအညီဖြင့် သတင်းပို့နိုင်သည်။

နိုင်ငံခြား ဝင်ရောက်စွက်ဖက်မှုမှ မိမိကိုယ်မိမိ မည်သို့ ကာကွယ်ပေးရမည်

ဖြစ်နိုင်သော နိုင်ငံခြား စွက်ဖက်မှုကို မည်သို့သိရှိရမည်နှင့် မိမိ၏အန္တရာယ်ကိုလျော့ချရန် မည်သည့်အရာလုပ်နိုင်ကြောင်း ရှာဖွေသိရှိပါ။

အဘယ်ကြောင့် နိုင်ငံခြား ဝင်ရောက်စွက်ဖက်မှုကို လက်မခံသင့်သည်

သြစတြေးလျရှိ လူမှုအသိုက်အဝန်းအပေါ် မည်သို့သက်ရောက်မှုရှိသည်ကို ရှာဖွေသိရှိပါ။

ထပ်ဆင့်အပို ပံ့ပိုးမှု

သင်၏ကျန်းမာရေးနှင့် သာယာဝပြောရေးကို နိုင်ငံခြား ဝင်ရောက်စွက်ဖက်မှုက ထိခိုက်လာနေပါက အကူအညီ ရယူပါ။

ပင်မစာမျက်နှာ

Sign up

Sign up for news and updates from our agency.