နိုင်ငံခြားသား ဝင်ရောက်စွက်ဖက်မှု ပစ်မှတ်ထားခံရသူများသည် နိုင်ငံရပ်ခြားတွင် စောင့်ကြည့်ခံရမည့် အကြီးအကျယ် ခြိမ်းခြောက်မှုနှင့် ကြုံရနိုင်သည်။
နိုင်ငံခြားရှိ မိသားစု သို့မဟုတ် မိတ်ဆွေများထံ သွားရောက်လည်ပတ်ခြင်းသည် သွားရောက်မည့်နိုင်ငံ အပေါ် မူတည်၍ အန္တရာယ်အလားအလားအချို့ ရှိနိုင်သည်။ ၎င်းတွင် ဥပဒေစိုးမိုးရေးဖော်ဆောင်သည့် အရာရှိများ ပြုလုပ်သည့် ခြိမ်းခြောက်ခံရခြင်း သို့မဟုတ် မလိုလားအပ်သည့် မေးခွန်းများ မေးခံရခြင်း၊ သင်၏ ကိုယ်ပိုင် အီလက်ထရောနစ်ပစ္စည်းကိရိယာများ ရှာဖွေခံရခြင်း၊ စောင့်ကြည့်ခံရခြင်း သို့မဟုတ် ဖမ်းဆီးထိန်းသိမ်းခံရခြင်း သို့မဟုတ် အကျဥ်းချခံရခြင်းတို့ ပါဝင်နိုင်သည်။
အချို့နိုင်ငံများတွင် ကောင်စစ်ဝန်အကူအညီပေးရန် ဩစတြေးလျနိုင်ငံအရာရှိများ၏ လုပ်ပိုင်ခွင့်စွမ်းရည်မှာ အလွန်အကန့်အသတ် ရှိနိုင်သည်။ နှစ်နိုင်ငံ နိုင်ငံသားခံယူထားမှုသည်လည်း ဩစတြေးလျနိုင်ငံ အရာရှိများ အနေဖြင့် ပြည်ပတွင် ကောင်စစ်ဝန် အကူအညီကို မည်သို့နှင့် မည်သည့်အချိန် ပေးနိုင်သည်ကို သက်ရောက်မှု ရှိနိုင်သည်။ အကယ်၍ သင်သည် အခြားနိုင်ငံ၏ နိုင်ငံသားခံယူထားပါက ထိုနိုင်ငံအစိုးရ အနေဖြင့် သြစတြေးလျအစိုးရအား သင့်ကိုကူညီရန် ခွင့်မပြုနိုင်ပါ။
လုံခြုံစွာ ခရီးသွားခြင်းနှင့်စပ်လျဥ်း၍ သြစတြေးလျအစိုးရ အကြံဉာဏ်
ခရီးဆုံးနိုင်ငံ 175 နိုင်ငံကျော်၊ ဆိုက်ဘာလုံခြုံရေး(Opens in a new tab/window)၊ ပညာတတ်များ(Opens in a new tab/window) နှင့် သတင်းထောက်များ(Opens in a new tab/window)အတွက် ခရီးသွားအကြံဉာဏ်နှင့် ခရီးသွားနေစဉ် လုံခြုံစွာနေထိုင်ရေးနှင့်စပ်လျဥ်းသည့် အထွေထွေအကြံဥာဏ်ကို Smartraveller website(Opens in a new tab/window) တွင် တွေ့ရှိနိုင်ပါသည်။
သင်၏ ခရီးဆုံးနိုင်ငံအတွက် Smartraveller travel advice(Opens in a new tab/window) ကိုအမြဲတမ်း ဂရုတစိုက်ဖတ်ရှုပြီး အထူးသဖြင့် ခရီးမသွားရ အဖြစ် သတ်မှတ်ထားသည့် ခရီးဆုံးနိုင်ငံများ သို့မဟုတ် နယ်မြေများနှင့်စပ်လျဥ်းသည့် အကြံဉာဏ်ကို လိုက်နာပါ။
အကယ်၍ သင် ခရီးမသွားမီ သို့မဟုတ် သင် အဝေး၌ရှိနေစဉ် တစ်ခုခု အပြောင်းအလဲရှိသည့်ကိစ္စ၌ Smartraveller ၏ အခမဲ့ နောက်ဆုံးပြင်ဆင်ထားသည့် ခရီးသွားအကြံဉာဏ်များ(Opens in a new tab/window) ရယူရန်စာရင်းသွင်းပါ။