ထပ်ဆင့်အပို ပံ့ပိုးမှု

စိတ်ကျန်းမာရေး ပံ့ပိုးမှု

နိုင်ငံခြား ဝင်ရောက်စွက်ဖက်မှုသည် သင်၏ စိတ်ကျန်းမာရေးနှင့် ကိုယ်စိတ်သာယာဝပြောရေးကို ထိခိုက်နိုင်ပါသည်။

အကယ်၍ သင်သည် ဤဝဘ်ဆိုဒ်တွင် ဆွေးနွေးထားသည့် တစ်စုံတစ်ရာနှင့်ပတ်သက်၍ စိုးရိမ်ပူပန်၊ စိတ်ဖိစီး သို့မဟုတ် စိတ်မချမ်းမသာ ဖြစ်ပါက အကူအညီ ရရှိနိုင်ပါသည်။

အကူအညီကို အခမဲ့ လျှို့ဝှက်လုပ်ပေးကာ 24/7 ရရှိနိုင်ပါသည်။ သီးသန့်လုပ်ဆောင် ဝန်ဆောင်မှုများကို ဘာသာစကားအမျိုးမျိုးဖြင့် လုပ်ဆောင်ပေးသည်။

အွန်လိုင်း လုံခြုံရေး

သင်နှင့် သင့်လူမှုအသိုင်းအဝိုင်းအား အင်တာနက်သုံးစွဲတတ်ရန်အတွက် အထောက်အကူပြုရန် eSafety Commissioner တွင် ရင်းမြစ်များစွာ ရှိပါသည်(Opens in a new tab/window)

သြစတြေးလျနိုင်ငံ ရွေးကောက်ပွဲ သတင်းအချက်အလက်

Australian Electoral Commission (AEC)(Opens in a new tab/window) သည် သြစတြေးလျနိုင်ငံ ဗဟိုအဆင့် ရွေးကောက်ပွဲတွင် မည်သို့စာရင်းသွင်းရမည်နှင့် မဲပေးရမည်တို့နှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များအတွက် ယုံကြည်စိတ်ချရသော အရင်းအမြစ်ဖြစ်သည်။ AEC ဝဘ်ဆိုဒ်တွင် ဘာသာစကားအမျိုးမျိုးနှင့် ပုံစံအမျိုးမျိုးဖြင့် အချက်အလက်များ (Opens in a new tab/window)ကိုလည်းရရှိနိုင်ပါသည်။

သင် AEC ဖုန်း 13 23 26 သို့ ခေါ်ဆိုနိုင်သည် သို့မဟုတ် ၊ အထက်ပါလင့်ခ်ရှိ သင့်ဘာသာစကားဖြင့် တယ်လီဖုန်း စကားပြန်မှတစ်ဆင့် ဖုန်းခေါ်ဆိုနိုင်သည်။

သြစတြေးလျနိုင်ငံ ရွေးကောက်ပွဲကော်မရှင် (AEC) သည် ရွေးကောက်ပွဲဆက်သွယ်ရေးများအား ထုတ်ဝေသူ၏ ခွင့်ပြု(Opens in a new tab/window)ချက်ဖြင့် ဖြန့်ချီရန်လိုအပ်သည့် Commonwealth Electoral Act 1918 အက်ဥပဒေ ပြဌာန်းခြင်းအားဖြင့် သတင်းအချက်အလက်ပွင့်လင်းမြင်သာမှုကို မြှင့်တင်ပေးပါသည်။ AEC အနေဖြင့် မဲဆန္ဒရှင်များအားလုံးအား ရွေးကောက်ပွဲဆိုင်ရာ ကြော်ငြာခြင်းနှင့်သတင်းအချက်အလက် အားလုံး၏ အရင်းအမြစ်ကို ‘ခေတ္တရပ်ဆိုင်းကာ အတွင်းကျကျစဥ်းစားတွေးခေါ်ပေးရန်’(Opens in a new tab/window) ကိုလည်းတိုက်တွန်းပါသည်။

ဩစတြေးလျလူ့အခွင့်အရေးကော်မရှင်

သင်၏လူ့အခွင့်အရေးများကို နားလည်ရန်နှင့် ကာကွယ်ရန် သင့်အား အထောက်အကူပြုမည့် ရင်းမြစ်များ Australian Human Rights Commission(Opens in a new tab/window) တွင်ရှိပါသည်။

ဩစတြေးလျ ပြည်ထောင်စုအဆင့် ရဲတပ်ဖွဲ့

နိုင်ငံခြား အစိုးရများထံမှ ခြိမ်းခြောက်မှုများနှင့် ထိတ်လန့်အောင်လုပ်ခြင်းတို့ကို မည်သို့သတင်းပို့ရမည်နှင့် ပတ်သက်၍ AFP သည် အချက်အလက်စာစောင် ထုတ်ပြန်ထားပါသည်။(Opens in a new tab/window)

ဥပဒေဆိုင်ရာ အရင်းအမြစ်များ

ဥပဒေဆိုင်ရာ သတင်းအချက်အလက်၊ ရည်ညွှန်းလွှဲပို့ပေးမှုများ နှင့် တယ်လီဖုန်းမှအကြံဉာဏ်ပေးခြင်းကဲ့သို့ အသေးစားအကူအညီများအတွက် သင်၏ ပြည်နယ် သို့မဟုတ် အုပ်ချုပ်ခံနယ်မြေ ဒေသတွင်း Legal Aid ကိုဆက်သွယ်နိုင်ပါသည်။

သြစတြေးလျအာဏာပိုင်များနှင့်ပတ်သက်သည့် အချက်အလက်အပိုများ

သြစတြေးလျနိုင်ငံ နိုင်ငံလုံးဆိုင်ရာရဲလုပ်ငန်းအေဂျင်စီရုံးများ၊ ဩစတြေးလျနိုင်ငံ ဗဟိုအဆင့် ရဲတပ်ဖွဲ့ (AFP) သည် ဩစတြေးလျရှိ လူတိုင်း၏ အန္တရာယ်ကင်းရေးနှင့်လုံခြုံရေး မြဲနေအောင်လုပ်ရာ၌ အဓိကျသည့် အခန်းကဏ္ဍဖြင့် တာဝန်ယူထားပါသည်။

သင့်အနေဖြင့် နိုင်ငံခြား ဝင်ရောက်စွက်ဖက်သည့် စိုးရိမ်ပူပန်မှုကို AFP သို့တိုက်ရိုက် Commonwealth Crime Report(Opens in a new tab/window) ပုံစံဖြည့်စွက်ခြင်းဖြင့် သတင်းပို့နိုင်ပါသည်

အကယ်၍ အခင်းဖြစ်ရပ်မှာ ကြီးလေးသော အွန်လိုင်း အနှောင့်အယှက်ပြုမှု ပါဝင်နေပါက သင့်အနေဖြင့် eSafety Commissioner သို့လည်း သတင်းပို့နိုင်သည်။

သြစတြေးလျနိုင်ငံ လုံခြုံရေးနှင့် စုံစမ်းထောက်လှမ်းရေးအဖွဲ့ (ASIO) သည် ဩစတြေးလျနိုင်ငံ၏ လုံခြုံရေးဝန်ဆောင်ဌာနတစ်ခုဖြစ်ပြီး ဩစတြေးလျနိုင်ငံရှိ လူများအား ၎င်းတို့၏ လုံခြုံရေးအပေါ် ခြိမ်းခြောက်မှုများမှ ကာကွယ်ပေးသည်။

သင့်အနေဖြင့် စီးပွားရေး၊ ပညာရေး သို့မဟုတ် သုတေသနအဖွဲ့အစည်းများနှင့် သက်ဆိုင်သော နိုင်ငံခြားဝင်ရောက်စွက်ဖက်မှုဆိုင်ရာ စိုးရိမ်ပူပန်မှုများကို NITRO Portal(Opens in a new tab/window) (အကြောင်းကြားရနိုင်သော အခင်းဖြစ်ရပ်များ၊ ခြိမ်းခြောက်မှုများ သို့မဟုတ် သတင်းပို့ရနိုင်သော ပြစ်မှုများ) မှတစ်ဆင့် ASIO သို့ တိုက်ရိုက် သတင်းပို့နိုင်သည်။

ထပ်ဆင့်အပို ပံ့ပိုးမှု

Sign up

Sign up for news and updates from our agency.