ဩစတြေးလျနိုင်ငံ တက္ကသိုလ်များရှိ အန္တရာယ်အလားလာများ

သြစတြေးလျနိုင်ငံတက္ကသိုလ်ရှိ ကျောင်းသားတစ်ဦးအနေဖြင့် သင်သည် တွေးခေါ်မှုများနှင့် ယုံကြည်ချက်များကို လွတ်လပ်စွာနှင့် လေးစားစွာ ထုတ်ဖော်ပြောဆိုခွင့်ရှိသည့် လူမှုအသိုင်းအဝိုင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါသည်။

ကျောင်းသားများနှင့် သုတေသီများအပါအဝင် လူတိုင်းတွင် လွတ်လပ်စွာ ပြောဆိုရန်နှင့် လုံခြုံသည်ဟု စိတ်ခံစားရရန် အခွင့်အရေးရှိသည်။ မည်သူကမျှ သင့်အား ဖိအားပေးရန်၊ ခြိမ်းခြောက်ရန်၊ စောင့်ကြည့်ရန် သို့မဟုတ် နှောင့်ယှက်ရန် မပြုလုပ်သင့်ပါ — အထူးသဖြင့် နိုင်ငံခြားအစိုးရ သို့မဟုတ် ၎င်းတို့အတွက် လုပ်ကိုင်ပေးသူတစ်ဦးဦးက မလုပ်သင့်ပါ။

ကျောင်းသားများနှင့် သုတေသီများကိုလည်း ဩစတြေးလျနိုင်ငံ၌ရှိနေစဥ် ဩစတြေးလျနိုင်ငံ ဥပဒေများကို လိုက်နာရန် မျှော်လင့်ထားပါသည်။

စိုးရိမ်ပူပန်မှုများကို သတင်းပို့ပါ

အကယ်၍ သင်သည် နိုင်ငံခြား ဝင်ရောက်စွက်ဖက်မှု၌ ပါဝင်လှုပ်ရှားပေးရန် ချဉ်းကပ်ခံရပါက သို့မဟုတ် နိုင်ငံခြား ဝင်ရောက်စွက်ဖက်သည့်လှုပ်ရှားမှုများကို မြင်တွေ့ရပါက National Security Hotline(Opens in a new tab/window) သို့သတင်းပို့ပါ သို့မဟုတ် နောက်တစ်နည်း သတင်းပို့ရမည့် ယန္တရားအဖြစ် သူလျှိုကိစ္စအလားအလာ၊ ဌာနတွင်းသူလျှိုခြိမ်းခြောက်မှုများနှင့် နိုင်ငံခြား ဝင်ရောက်စွက်ဖက်မှုတို့နှင့်စပ်လျဥ်းသည့် စိုးရိမ်ပူပန်မှုများ အတွက် သင် NITRO Portal(Opens in a new tab/window) (သတင်းပို့ရနိုင်သည့် အခင်းဖြစ်ရပ်များ၊ ခြိမ်းခြောက်မှုများ သို့မဟုတ် တိုင်ကြားရနိုင်သော ပြစ်မှုများ) ကိုလည်းအသုံးပြုနိုင်သည်။ အကယ်၍ သင် နိုင်ငံခြား ဝင်ရောက်စွက်ဖက်မှုကို ကြုံတွေ့ရပြီး သို့မဟုတ် မြင်တွေ့ရပြီး ဩစတြေးလျအာဏာပိုင်များထံ သတင်းပို့ပါက သင့်အား ကာကွယ်ပေးမည်ဖြစ်ပြီး သင်၏ ဗီဇာကို ပယ်ဖျက်မည် မဟုတ်ပါ။

National Security Hotline(Opens in a new tab/window) သို့သတင်းပို့သည့်အပြင် နိုင်ငံခြား ဝင်ရောက်စွက်ဖက်မှုများကို သင်၏ တက္ကသိုလ်ကိုယ်စားလှယ်များထံ သတင်းပို့သင့်သည်။ ဤသို့သတင်းပို့ရာ၌ လုံခြုံရေးဝန်ဆောင်ဌာနများ သို့မဟုတ် ကျောင်းသားဝန်ဆောင်ဌာနများ သို့မဟုတ် တက္ကသိုလ်၏ သတ်မှတ်ထားသည့် သတင်းပို့ရေး ဖုန်းလိုင်းတို့အား ဆက်သွယ်ခြင်း ပါဝင်နိုင်သည်။ ဤဝန်ဆောင်ဌာနများသည် ကျောင်းသားလုံခြုံရေးကို လုပ်ဆောင်ပေးရပြီး တင်းကျပ်သောလျှို့ဝှက်အချက်အလက်လမ်းညွှန်များ ထားရှိပေးရသည်။

ဩစတြေးလျနိုင်ငံ တက္ကသိုလ်များရှိ အန္တရာယ်အလားလာများ

Sign up

Sign up for news and updates from our agency.