သြစတြေးလျနိုင်ငံတွင် သံတမန်ဆက်ဆံရေးရှိသည့် နိုင်ငံခြားအစိုးရအချို့သည် သြစတြေးလျလူ့အဖွဲ့အစည်းတွင် သင်၏ လွတ်လပ်စွာပါဝင်မှုနှင့် ထုတ်ဖော်ပြောဆိုမှုကို ကန့်သတ်ရန် ကြိုးပမ်းသည့် လှုပ်ရှားမှုများ လုပ်ဆောင်နိုင်သည်။
ဩစတြေးလျအစိုးရသည် သံတမန်များ၏ မလျော်ကန်သော အပြုအမူကို အလွန်အလေးအနက် အာရုံစိုက်ပါသည်။
နိုင်ငံခြားအစိုးရများအနေဖြင့် သြစတြေးလျနိုင်ငံ၌ မိမိတို့၏အကျိုးစီးပွားကို ကျွန်ုပ်တို့၏ ပြည်သူများ၊ လူ့အဖွဲ့အစည်းနှင့် ဒီမိုကရေစီစနစ်များကို ပွင့်လင်းမြင်သာပြီး လေးစားလက်ခံသည့်နည်းလမ်းဖြင့် မြှင့်တင်ပေးနိုင်သည်။
နိုင်ငံခြားအစိုးရကိုယ်စားလှယ်များအနေဖြင့် သြစတြေးလျနိုင်ငံရှိ လူများအား စောင့်ကြည့်ရန်၊ နှောင့်ယှက်ရန် သို့မဟုတ် ခြိမ်းခြောက်ရန် သို့မဟုတ် လူပုဂ္ဂိုလ်တစ်ဦးအား နိုင်ငံခြား အစိုးရ၏ အကျိုးစီးပွားကို ဤနေရာ၌ မြှင့်တင်ပေးရန်အတွက် အတင်းအကျပ်ပြုရန်တို့ကို လက်မခံနိုင်ပါ။
အကယ်၍ သင့်တွင် သြစတြေးလျနိုင်ငံရှိ သံတမန်ရေးရာ အရာရှိများ သို့မဟုတ် ကောင်စစ်ဝန် အရာရှိများ၏ မလျော်ကန်သော အပြုအမူများနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဌာန၏ လုပ်ထုံးလုပ်နည်းဌာနခွဲ ဝဘ်ဆိုဒ် protocol.branch@dfat.gov.au သို့ သတင်းပို့ပါ။