နိုင်ငံခြား ဝင်ရောက်စွက်ဖက်မှု အကြောင်း လေ့လာပါ

နိုင်ငံခြား ဝင်ရောက်စွက်မှုဆိုသည်မှာ အဘယ်နည်း။

နိုင်ငံခြား ဝင်ရောက်စွက်ဖက်မှုကို တစ်ခါတစ်ရံ ဖော်ထုတ်ရန် ခက်ခဲနိုင်သည်။

နိုင်ငံခြား ဝင်ရောက်စွက်မှုသည် ပုံစံအမျိုးမျိုး ဖြစ်နိုင်သည်။

ဥပမာ ၁။ အချို့အစိုးရများသည် ကွဲပြားသောအမြင်များဖော်ထုတ်သူများကို ခြိမ်းခြောက်နိုင်သည် သို့မဟုတ် အနှောင့်အယှက်ပြုနိုင်သည်

ရှေ့နေတစ်ဦးသည် သြစတြေးလျနိုင်ငံ လူ့အခွင့်အရေး လူထုဆန္ဒပြပွဲတစ်ခုတွင် မိန့်ခွန်းပြောကြားခဲ့သည်။ မိန့်ခွန်းပြောဆိုပြီးနောက် နိုင်ငံခြားအစိုးရ ညွှန်ကြားချက်အရ အမည်မသိအမျိုးသားတစ်ဦး၏ နောက်ယောင်ခံလိုက်ခြင်း၊ ဓာတ်ပုံရိုက်ခြင်းအပြင် သူမဖခင်၏ ကားအား ဖျက်ဆီးခြင်း ခံခဲ့ရသည်။

သူမသည် နိုင်ငံခြားအစိုးရအကြောင်း မဟုတ်မမှန်သတင်းများ မဖြန့်ဝေရန် ခြိမ်းခြောက်ခံခဲ့ရပြီး နိုင်ငံရပ်ခြားမှ သူမ၏မိသားစုသည် ဩစတြေးလျရှိ ဆွေမျိုးဖြစ်သည့် သူမနှင့်ပတ်သက်၍ မေးမြန်းခံခဲ့ရသည်။ သူမသည် နောက်ထပ်လူထုဆန္ဒပြပွဲတစ်ခု တက်ရောက်ခဲ့သည့်အခါ နိုင်ငံရပ်ခြားရှိ သူမ၏ အစ်ကိုဖြစ်သူကို နိုင်ငံခြားအစိုးရက ထောင်ချခဲ့သည်။

ဥပမာ ၂။ အချို့ နိုင်ငံခြားအစိုးရများသည် လွတ်လပ်စွာ ပြောဆိုခွင့်ကို ကန့်သတ်ရန် ကြိုးပမ်းနိုင်သည်

နိုင်ငံခြားအစိုးရကို ဝေဖန်သော အနုပညာရှင်တစ်ဦးက သြစတြေးလျတက္ကသိုလ်ကျောင်းဝင်းတစ်ခုတွင် နံရံကပ်ကြော်ငြာများကို ကပ်ခဲ့သည်။ သက်ဆိုင်ရာသံရုံးက နိုင်ငံခြားအစိုးရ၏ အကျိုးလှုပ်ရှားသည့် ကျောင်းသားအုပ်စုများအား ထိုနံရံကပ်ကြော်ငြာများကိုဖယ်ရှားပေးရန် ညွှန်ကြားခဲ့သည် အဘယ်ကြောင့်ဆိုသော် ကြော်ငြာပါအချက်အလက်ကို ၎င်းတို့သဘောမတူသောကြောင့်ဖြစ်သည်။

သို့သော်လည်း အနုပညာရှင်၏ လွတ်လပ်စွာ ပြောဆိုခွင့်ကို ချိုးဖောက်ရလိမ့်မည်ဖြစ်သဖြင့် ထိုနံရံကပ်ကြော်ငြာများကို တက္ကသိုလ်က မဖယ်ရှားခဲ့ပါ။

လွတ်လပ်စွာ ယူဆခွင့်နှင့် ထုတ်ဖော်ရေးသားခွင့်ဆိုသည်မှာ အဘယ်နည်း။

လွတ်လပ်စွာ ယူဆခွင့်နှင့် ထုတ်ဖော်ရေးသားခွင့်ဆိုသည်မှာ အခြားသူများ၏ တည်းဖြတ်မှု မရှိစေဘဲ မိမိ၏ ကိုယ်ပိုင်အမြင်များကိုကိုင်စွဲပြီးဖော်ထုတ်ရန်နှင့် အပြုအမူများအားဖြင့်တင်ပြရန် လူတိုင်း၏ အခွင့်အရေးဖြစ်သည်။ ဤအပြုအမူများတွင် ပြည်သူ့ရေးရာကိစ္စရပ်များကို လွတ်လပ်စွာ ဆွေးနွေးခွင့်၊ အခြားသူများနှင့်ဆန့်ကျင်သည့်အမြင်များကို လွတ်လပ်စွာကိုင်စွဲခွင့်နှင့် ငြိမ်းချမ်းစွာ ဆန္ဒပြခြင်းများနှင့် စည်းဝေးပွဲများတွင် လွတ်လပ်စွာပါဝင်ခွင့်များ ပါဝင်ပါသည်။

ဥပမာ ၃။ အချို့နိုင်ငံခြားအစိုးရများသည် ၎င်းတို့ကို ဝေဖန်သောလူများအား နုတ်ဆိတ်နေရန် အွန်လိုင်း လှုံ့ဆော်ပွဲများကို အသုံးပြုနိုင်သည်

သတင်းထောက်တစ်ဦးသည် နိုင်ငံခြားအစိုးရတစ်ရပ်ကို ဝေဖန်သည့် မီဒီယာဆောင်းပါးတစ်ပုဒ် ရေးခဲ့သည်။ ထို့နောက် ထိုသတင်းထောက်အား အယုံအကြည်ကင်းမဲ့စေရန်နှင့် အရှက်ခွဲရန် နိုင်ငံခြားအစိုးရတစ်ရပ်၏ ညွှန်ကြားချက်အရ ပူးပေါင်းကြံစည်သည့်အွန်လိုင်းလှုံဆော်မှုတစ်ခုဖြင့် ထိုသတင်းထောက် ပစ်မှတ်ထားခံခဲ့ရသည်။

ထိုသတင်းထောက်၏ အီးမေးလ်နှင့် လူမှုမီဒီယာစာရင်းများကို ခွင့်ပြုချက်မရှိဘဲ ရယူပြီး ဖုန်းနံပါတ်နှင့် အိမ်လိပ်စာ အပါအဝင် ကိုယ်ရေးအချက်အလက်များအား အွန်လိုင်းတွင် တင်သွင်းခဲ့သည်။

ထိုသတင်းထောက်သည် မိမိ၏ မီဒီယာဆောင်းပါးအား ဖယ်ရှားပေးရန်နှင့် ဝန်ချတောင်းပန်ပေးရန် တောင်းဆိုသည့် အမှာစာအမျိုးမျိုးကို လူမှုမီဒီယာ စာရင်းအတုများစွာထံမှ လက်ခံရရှိခဲ့သည်။

မည်သည်က နိုင်ငံခြား ဝင်ရောက်စွက်ဖက်မှု မဟုတ်သနည်း။

ကျွန်ုပ်တို့၏ ယဉ်ကျေးမှုစုံ လူ့အသိုက်အဝန်းရှိ အတွေ့အကြုံများနှင့် အမြင်များ၏ ကွဲပြားကျယ်ပြန့်မှုမှာ အားသာချက်တစ်ရပ်ဖြစ်သည်။

သြစတြေးလျနိုင်ငံတွင် ဥပဒေနှင့်ညီညွတ်သော နိုင်ငံရေးထိတွေ့ဆက်ဆံမှုနှင့် စည်းရုံးလှုံ့ဆော်မှုများကို အားပေးထားပြီး အကာအကွယ်ပေးထားသည်။

သြစတြေးလျအစိုးရအပါအဝင် အစိုးရအားလုံးသည် သြစတြေးလျနိုင်ငံ၏ အရေးကြီးသော ကိစ္စရပ်များနှင့် မူဝါဒများအပေါ် လွှမ်းမိုးနိုင်ရန် ကြိုးပမ်းကြသည်။ ကျွန်ုပ်တို့၏ ပြည်သူလူထု၊ လူ့အဖွဲ့အစည်းနှင့် ဒီမိုကရေစီစနစ်များကို လက်ခံလေးစားသည့် ပွင့်လင်းမြင်သာသောနည်းလမ်းဖြင့် အကောင်ထည်ဖော် ဆောင်ရွက်သည့်အခါ ဤလှုပ်ရှားမှုများမှာ နိုင်ငံခြား ဝင်ရောက်စွက်ဖက်မှု မဟုတ်ပါ။

အခြားသော အစိုးရများအနေဖြင့် သြစတြေးလျနိုင်ငံသားများ၊ လူမှုအဖွဲ့အစည်းများနှင့် အဖွဲ့အစည်းများကို လက်ခံလေးစားသည့်နည်းလမ်းဖြင့် ပြုမူဆက်ဆံကြရန် ကျွန်ုပ်တို့ မျှော်လင့်ပါသည်။ ၎င်းတို့ ထိုသို့ ပြုမူဆက်ဆံသည့်အခါ ၎င်းတို့၏ လှုပ်ရှားမှုများမှာ ဩစတြေးလျအတွက် အပြုသဘောဆောင်သော ပံ့ပိုးမှုတစ်ရပ် ဖြစ်နိုင်ပါသည်။

နိုင်ငံခြားလွှမ်းမိုးသည့် လှုပ်ရှားမှုများကို မည်သို့မှတ်ပုံတင်ရမည်

နိုင်ငံခြားအစိုးရများအပါအဝင် နိုင်ငံရပ်ခြား လှုပ်ရှားသူများကိုယ်စားပြုလုပ်သည့် အချို့လှုပ်ရှားမှုများကို Australia’s(Opens in a new tab/window)(Opens in a new tab/window) Foreign Influence Transparency Scheme(Opens in a new tab/window)(Opens in a new tab/window) အရ မှတ်ပုံတင်ရန် လိုအပ်နိုင်သည်။

မိမိကိုယ်မိမိမေးရန် မေးခွန်းများ

တစ်စုံတစ်ခုမှာ နိုင်ငံခြား ဝင်ရောက်စွက်ဖက်မှု ဟုတ်မဟုတ် ဆုံးဖြတ်သည့်အခါ ဤမေးခွန်းများကို မိမိကိုယ်မိမိ မေးပါ။

နိုင်ငံခြား ဝင်ရောက်စွက်ဖက်မှု အကြောင်း လေ့လာပါ

Sign up

Sign up for news and updates from our agency.