နိုင်ငံခြား ဝင်ရောက်စွက်ဖက်မှုကို အဘယ်ကြောင့် လက်မခံနိုင်သနည်း

နိုင်ငံခြား အစိုးရ တစ်ရပ်ရပ်အနေဖြင့် ဩစတြေးလျနိုင်ငံတွင် လူပုဂ္ဂိုလ်များက မိမိတို့၏ အခွင့်အရေးများနှင့် လွတ်လပ်ခွင့်များအား သုံးစွဲခြင်းကို တားဆီးသည့်နည်းလမ်းများဖြင့် ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်း အဖွဲ့ဝင်များအား ပစ်မှတ်ထားခြင်းကို လက်မခံနိုင်ပါ။

သြစတြေးလျနိုင်ငံရှိ လူတိုင်းတွင် လုံခြုံကြောင်းခံစားရရန်အခွင့်အရေး၊ ပါဝင်မှုရှိရန်အခွင့်အရေးနှင့် လူမှုအသိုင်းအဝိုင်းနှင့် အများပြည်သူလူမှုဘဝတွင် ပါဝင်လုပ်ဆောင်ရန်အခွင့်အရေး ရှိသည်။ ဤအားသာချက်အားဖြင့် ကျွန်ုပ်တို့၏ လူမှုအဖွဲ့အစည်းကို ကျောထောင့်နောက်ခံပြုထားပါသည်။

သြစတြေးလျနိုင်ငံအစိုးရကို လွတ်လပ် မျှတသော ရွေးကောက်ပွဲများမှတစ်ဆင့် ရွေးချယ်တင်မြှောက်ပြီး သင်၏ မဲပေးပိုင်ခွင့်ကို အကာအကွယ်ပေးထားကာ သင်မည်သူ့အား မဲပေးလိုက်သည့် အကြောင်းအချက်အလက်ကို လျှို့ဝှက်ထားရှိကြောင်း သေချာစေရန် ပုံဖော်ထားပါသည်။

နိုင်ငံခြား ဝင်ရောက်စွက်ဖက်မှုသည် ဩစတြေးလျနိုင်ငံနှင့် နေထိုင်သည့်လူတိုင်းအား ထိခိုက်နစ်နာစေနိုင်သည်။

နိုင်ငံခြား ဝင်ရောက်စွက်ဖက်မှုကို တွန်းလှန်ရန် ကျွန်ုပ်တို့အားလုံးတွင် တာဝန်ရှိသည် သို့မှသာ ကျွန်ုပ်တို့ လုံခြုံပြီး အားလုံးအတူစုပေါင်းနေထိုင်နိုင်သော လူမှုအဖွဲ့အစည်အတွင်း ဆက်လက်နေထိုင်နိုင်မည် ဖြစ်ပါသည်။

နိုင်ငံခြား ဝင်ရောက်စွက်ဖက်မှုသည် ဩစတြေးလျနိုင်ငံတွင် ရာဇဝတ်ပြစ်မှု တစ်ခုဖြစ်ပြီး ဓနသဟာယ ရာဇဝတ်ဆိုင်ရာကိုဓ အက်ဥပဒေ ၁၉၉၅ (Commonwealth Criminal Code Act 1995(Opens in a new tab/window)) အရ ထောင်ဒဏ် 20 နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်ပါသည်။

သင့်အား ကာကွယ်ပေးရန် သြစတြေးလျအစိုးရက လုပ်ဆောင်နေသည့် အရာများ

စုံစမ်းစစ်ဆေးခြင်းနှင့် ဟန့်တားခြင်း

ဗဟိုအစိုးရ နိုင်ငံခြား ဝင်ရောက်စွက်ဖက်မှု တိုက်ဖျက်ရေး အလုပ်တပ်ဖွဲ့သည် သူလျှိုနှင့်နိုင်ငံခြားဝင်ရောက်စွက်ဖက်မှုကို လုပ်ငန်းသဘောအရ တန်ပြန်ရန် ဦးဆောင်ကာ နိုင်ငံခြား ဝင်ရောက်စွက်ဖက်မှုနှင့် သူလျှိုလုပ်ရပ်များကို ဖော်ထုတ်ရန်၊ စုံစမ်းစစ်ဆေးရန်နှင့် ဟန့်တားရန် ဆောင်ရွက်ပါသည်။

ငွေကြေးစိုက်ထုတ်မှု

ဤခြိမ်းခြောက်မှုမှ သြစတြေးလျနိုင်ငံသားများကို ကာကွယ်ရန်အတွက် သြစတြေးလျနိုင်ငံ၏ နိုင်ငံခြား ဝင်ရောက်စွက်ဖက်မှု တိုက်ဖျက်ရေး ကြိုးပမ်းမှုများကို မြှင့်တင်ရန် သြစတြေးလျအစိုးရသည် လေးနှစ်ကာလ 2024-2025 အတွင်း ငွေ $ 71.6 သန်း ထည့်ဝင်သုံးစွဲခဲ့ပါသည်။

လူမှုအသိုက်အဝန်းများအား လုပ်ပိုင်ခွင့်ပေးခြင်း

သြစတြေးလျအစိုးရသည် လူမှုအသိုင်းအဝိုင်း၏ စိုးရိမ်ပူပန်မှုများနှင့် လိုအပ်ချက်များကို နားလည်ရန်နှင့် လူမှုအသိုက်အဝန်း၏ လုံခြုံရေးကို ပံ့ပိုးရန် ထိခိုက်ခံရသော လူမှုအသိုင်းအဝိုင်းများနှင့် ပုံမှန်ထိတွေ့လုပ်ဆောင်ပေးပါသည်။

နိုင်ငံခြား ဝင်ရောက်စွက်ဖက်မှုအပေါ် ဝေဖန်ဆန့်ကျင်ခြင်း

နိုင်ငံခြား ဝင်ရောက်စွက်ဖက်မှုကို ဩစတြေးလျနိုင်ငံတွင် သည်းခံလိမ့်မည် မဟုတ်ကြောင်း အတိအလင်းပြောဆိုရန် ဩစတြေးလျအစိုးရသည် နိုင်ငံခြား အစိုးရကိုယ်စားလှယ်များသို့ နိုင်ငံခြား ဝင်ရောက်စွက်ဖက်မှု ဆိုင်ရာ စိုးရိမ်ပူပန်မှုများကို ကန့်ကွက်တင်ပြနိုင်သည်။

နိုင်ငံခြား ဝင်ရောက်စွက်ဖက်မှုကို အဘယ်ကြောင့် လက်မခံနိုင်သနည်း

Sign up

Sign up for news and updates from our agency.