နိုင်ငံခြား ဝင်ရောက်စွက်ဖက်မှုကို မည်သို့သတင်းပေးပို့ရမည်

သင့်တွင် နိုင်ငံခြား ဝင်ရောက်စွက်ဖက်မှုဆိုင်ရာ လှုပ်ရှားမှုများနှင့်စပ်လျဉ်းသည့် သတင်းအချက်အလက်များ ရှိပါက National Security Hotline(Opens in a new tab/window) သို့ သတင်းပေးပို့ပါ -

သင့်ဘာသာစကားဖြင့် ပံ့ပိုးမှု

သင် စကားပြန်တစ်ဦးလိုအပ်ပါက Translating and Interpreting Service(Opens in a new tab/window) (TIS National) ဖုန်း 131 450

သို့ ခေါ်ဆိုပါ။

TIS National သည် တစ်နေ့လျှင် 24 နာရီ၊ တစ်နှစ်ပတ်လုံး နေ့တိုင်း ခေါ်ဆိုနိုင်သည့် ဖုန်းစကားပြန် ဝန်ဆောင်ပေးပါသည်။

၎င်းတို့သည် သင်၏သတင်းပေးပို့မှုကို ကူညီရန် National Security Hotline ဖုန်း 1800 123 400 သို့ ခေါ်ဆိုပေးနိုင်ပါသည်။

သင်သတင်းပို့ပြီးနောက်

National Security Hotline သို့ ပေးပို့သည့် သတင်းပေးပို့မှုများကို အမည်မဖော်ပြဘဲ သတင်းပို့နိုင်ပြီး ဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးအေဂျင်စီရုံးများသို့ စဥ်းစားသုံးသပ်ရန် ပေးပို့ပါသည်။

သတင်းအချက်အလက်တိုင်းသည် အထောက်အကူပြုရာရောက်ပြီး သတင်းပေးပို့မှုမှာ သက်ဆိုင်မှုမရှိပါက မလိုလားအပ်သော နောက်ဆက်တွဲပြဿနာများ ရှိမည်မဟုတ်ပါ။

သင်ပေးပို့သော သတင်းအချက်အလက်များနှင့်ပတ်သက်၍ သဘောထားမှတ်ချက် သို့မဟုတ် နောက်ဆုံးရသတင်း တစ်စုံတစ်ရာကို သင် လက်ခံရရှိမည် မဟုတ်ပါ။ ဤသို့ဖြင့် စုံစမ်းစစ်ဆေးမှုများ၏ လုံခြုံရေးနှင့် National Security Hotline သို့သတင်းပို့သူတိုင်း၏ အတွင်းရေးကို ကာကွယ်ပေးရန် ဖြစ်ပါသည်။

သို့သော်ငြားလည်း သင် သတင်းပို့ပေးသည့်အချက်အလက်များမှာ အရေးပါနိုင်သည့်အပြင် အခြားစုံစမ်းစစ်ဆေးမှုများကို အထောက်အကူပြုနိုင်ပါသည်။ မည်သည့် စိုးရိမ်ပူပန်မှုမျှ သေးနုတ်သည်ဟူ၍ မရှိပါ။

နိုင်ငံခြား ဝင်ရောက်စွက်ဖက်မှုကို မည်သို့သတင်းပေးပို့ရမည်

Sign up

Sign up for news and updates from our agency.