လုပ်ကြံသတင်းများ

တမင်တကာရည်ရွယ်၍ ဖြန့်ဝေသည့် မှားယွင်းသော သို့မဟုတ် တလွှဲအထင်အမြင်လွဲမှားနိုင်သော သတင်းအချက်အလက်များကို လုပ်ကြံသတင်းများ ဟုခေါ်သည်။

နိုင်ငံခြားအစိုးရများသည် မိမိတို့၏ ကိုယ်ကျိုးစီးပွားကို ဖြည့်ဆည်းရန်အတွက် လုပ်ကြံသတင်းများကို အသုံးပြုနိုင်သည်။ ၎င်းကြောင့် လူပုဂ္ဂိုလ်များနှင့် လူမှုအသိုင်းအဝိုင်းများကို ထိခိုက်နစ်နာစေနိုင်ပါသည်။

လုပ်ကြံသတင်းများကို မည်သို့ဖော်ထုတ်မည်

တစ်စုံတစ်ခုမှာ လုပ်ကြံသတင်း ဟုတ်မဟုတ် ဆုံးဖြတ်ချက်ချမှတ်သည့်အခါ မိမိကိုယ်မိမိ မေးရမည်မှာ -

  • ၎င်းသည် ယုံကြည်ရနိုင်သော ရင်းမြစ်မှဖြစ်ပြီး အခြား ယုံကြည်ရသော သတင်းဌာနများက အတည်ပြုထားပါသလား။
  • ၎င်းသည် စိတ်လှုပ်ရှားစေမည့် အသုံးအနှုန်းကို အသုံးပြုထားပြီး အချက်အလက်မှန်များ သို့မဟုတ် အထောက်အထားများကို ချန်လှပ်ထားပါသလား။
  • ၎င်းတွင် သိသာထင်ရှားသော ဘက်လိုက်မှုရှိနေပါသလား သို့မဟုတ် မတူညီသောရှုထောင့်များကို ထည့်သွင်းစဉ်းစားရန် ပျက်ကွက်နေပါသလား။

သင် နောက်ထပ်ထည့်သွင်းစဥ်းစားသင့်သည်မှာ လုပ်ကြံသတင်းတွင်-

  • ခက်ခဲသော ပြဿနာများအတွက် ရိုးရှင်းသော ဝေါဟာရများ သို့မဟုတ် စိတ်ခံစားမှုပါသော ဝေါဟာရများ သုံးထားခြင်း ရှိမရှိ
  • သမားရိုးကျပုံစံများကို အကြောင်းအရာများတွင် ထည့်သွင်းခြင်း မရှိဘဲ သို့မဟုတ် ၎င်းတို့ကို အသိအမှတ်ပြုခြင်းအားဖြင့် သုံးစွဲထားခြင်း ရှိမရှိ
  • မှားယွင်းသော သို့မဟုတ် မသုံးစွဲတော့သည့် အချက်အလက်များကို ရည်ညွှန်းထားသည် ဟုတ်မဟုတ်
  • အကြောင်းခြင်းရာများကို အာရုံစိုက်ခြင်းထက် ခေါင်းစဥ်များကို ပုံကြီးချဲ့ထားခြင်း ရှိမရှိ
  • စကားလုံးများ စာလုံးပေါင်းမှားနေသည် သို့မဟုတ် သဒ္ဒါမှားယွင်းအသုံးပြုထားသည် ဟုတ်မဟုတ်
  • အရည်အသွေး ညံ့ဖျင်းသောရုပ်ပုံများ ပါရှိနေသည် သို့မဟုတ် ပြုပြင်ထားပုံပေါ်သော ရုပ်ပုံများ အသုံးပြုထားသည် ဟုတ်မဟုတ်

သတင်းတုများကို သင် ဖော်ထုတ်နိုင်စေရန် eSafety Commissioner(Opens in a new tab/window) တွင် အရင်းအမြစ်များ ရရှိနိုင်ပါသည်။

ရွေးကောက်ပွဲများနှင့်ပတ်သက်သည့် လုပ်ကြံသတင်းများ

လုပ်ကြံသတင်းများဖြင့် လူအများ၏ အမြင်များနှင့် အပြုအမူများကို လျှို့ဝှက်စွာလွှမ်းမိုးရန် ကြိုးပမ်းမှုများသည် ဩစတြေးလျနိုင်ငံရှိ ရွေးကောက်ပွဲ၏ ဖြောင့်မှန်မှုကို လျော့ပါးစေနိုင်ပါသည်။

Electoral Integrity Assurance Taskforce သည်လုပ်ကြံသတင်းများနှင့်ပတ်သက်သည့် အချက်အလက် စာစောင် တစ်စောင်ကို ထုတ်ဝေဖြန့်ချီခဲ့သည်။

သြစတြေးလျနိုင်ငံ ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲများနှင့်ပတ်သက်သည့် အချက်အလက် အပိုများကို Additional Support စာမျက်နှာတွင် တွေ့ရှိနိုင်ပါသည်။

လုပ်ကြံသတင်းများ

Sign up

Sign up for news and updates from our agency.